#မာလာလာရေကလေးမလေး...
မာလာလာရေ...မင်းစာအုပ်တွေဖတ်ရတဲ့အချိန်မှာ ငါဖြင့်
ကြောက်လွန်းလို့ ချွေးတွေတောင်စို့ရပါတယ်။ မင်းက အသက်အရွယ်နဲ့မလိုက် လူ့ငရဲခန်းကိုရောက်ရသည့်တိုင် မကြောက်မရွံ့ သတ္တိအပြည့်အမှန်တရားကိုရင်ဆိုင်နိုင်သူ
လို့ငါအထင်ကြီးလေးစားရပါတယ်။ ငါသာမင်းနေရာမှာဆို သေနတ်နဲ့ပစ်ခံရဖို့မပြောနဲ့ သေနတ်မြင်တာနဲ့ အဝေးကို
ပြေးထွက်မိမှာပါ။ မင်းသေနတ်နဲ့ ပစ်ခံရတုန်းက မင်းသက်
သာပါစေလို့ ဆုတောင်းပေးတဲ့အထဲ တို့မြန်မာပြည်က ဗုဒ္ဓဘာသာတွေလည်း တစ်တပ်တအားပါဝင်ခဲ့ကြတာပါ။
တို့မြန်မာပြည်ကလူတွေက မင်းတို့ပါကစ္စတန်က အမျိုးသမီး
လေးတွေ ပညာသင်ကြားခွင့်ရစေဖို့ အမျိုးသမီးအခွင့်အရေး
ရစေဖို့ အမြန်လိုလားသလို အကြမ်းဖက်သမားတာလီဘန်
တွေ ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်သွားဖို့ကိုလည်း ဆုတောင်းနေကြသူတွေပါ။
မင်းက မိန်းကလေးတွေလည်းပညာသင်ယူခွင့်ရှိတယ်ဆိုတဲ့
right ကိုကိုင်ပြီး မင်းမှန်သလို တာလီဘန်တွေကလည်း သူ
တို့ရဲ့ ဘာသာတရားအဆုံးအမအရ သူတို့ပြဌာန်းချက်က မှန်တယ်လို့ငါပြောရင် မင်းစိတ်များဆိုးသွားမလား။
မင်းအသက်အရွယ်လေးနဲ့ နိုဘယ်ဆုရပြီးကမ္ဘာကျော်နေ
တာ ငါတို့ဝမ်းသာကြတယ်။အားကျကြတယ်။တာလီဘန်
တွေဖြိုဖျက်လို့ကမ္ဘာ့အကြီးဆုံးရပ်တော်မူဗုဒ္ဓရုပ်ပွားတော်
မြတ်ကြီး ပျက်စီးခဲ့ရတာ မင်းစိတ်မကောင်းသလို စစ်ပွဲ
ကြောင့် သွေးထွက်သံယိုဖြစ်နေတဲ့ ဆီးရီးယားက ကလေး
ငယ်လေးတယောက်ရဲ့ပုံကိုမြင်ရတော့လည်း ငါတို့မြန်မာ
ပြည်သူတွေကစုတ်တသတ်သတ်နဲ့ခံစားခဲ့ရတာပါ။
မာလာလာရေ အကြမ်းဖက်သမားဆိုတာဂျိုနဲ့လားလို့တော့ မင်းကိုရှင်းပြဖို့မလိုပါဘူး။
သူတို့မှဘယ်လိုအယူဝါဒရှိတယ်။ သူတို့ခံယူချက်ကဘာလဲ။ သူတို့လိုချင်တာကဘာလဲ ဆိုတာတွေမင်းအသိဆုံးဖြစ်မှာပါ နိုဘယ်ဆုရှင်လေး။
မြန်မာနိုင်ငံဆိုတာ မင်းဇာတိနိုင်ငံနဲ့မဝေးလှတဲ့နေရာမှာရှိတာမို့ မင်းကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ကြားဖူးရုံနဲ့တော့ တို့နိုင်ငံအကြောင်းမင်းသိဖို့မလွယ်ပါဘူး။ဒီနေ့ တို့နိုင်ငံရဲ့ အနောက်ဖက်ဒေသမှာဖြစ်နေတာတွေက
■နှစ်ဖက်လူမျိုးတွေတိုက်ခိုက်နေကြတာမဟုတ်ဘူ။
■ဘာသာရေးပဋိပက္ခ၊ ဘာသာရေးစစ်ပွဲလည်းမဟုတ်ဘူး။
အကြမ်းဖက်တိုက်ခိုက်ခံရတာပါ။ မင်းတို့သိတာက အမေရိကန်၊ ဥရောပသားတွေအကြမ်းဖက်တိုက်ခိုက်ခံတာကမှ အကြမ်းဖက်တိုက်ခိုက်ခံရတယ်လို့မထင်လိုက်ပါနဲ့။
အဲဒီဒေတွေမှာ အကြမ်းဖက်တိုက်ခိုက်ခံရတာက သူတို့ကိုခွဲခြားဆက်ဆံတယ်ထင်လို့ အဲဒီကအစိုးရတွေကို မကျေနပ်လို့တိုက်ခိုက်ကြတာပါ။
တို့ဆီမှာကအကြမ်းဖက်တိုက်ခိုက်ခံရတာတစ်ခုတည်းမဟုတ်ဘူး ကလေးမရေ။
■နယ်မြေလာလုနေတာ
■မျိုးနွယ်စုအသစ်တစ်ခုလာဖန်တီးနေတာပါ။
မာလာလာရေ
နယ်မြေကျူးကျော်တာကိုတော့ မျိုးနွယ်စုပြသနာတစ်ခုလို့မင်းမြင်နေရင် မင်းမှာ တာလီဘန်တွေရဲ့လွှမ်းမိုးမှုရှိနေသေးတာလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ မင်းဒီကနေ့နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဟာ အီရတ်စစ်ပွဲတိုက်ရာမှာပါဝင်ခဲ့သလို အာဖဂန်၊ ပါကစ္စတန်က အကြမ်းဖက်သမားနှိမ်နင်းရေးစစ်ပွဲတွေကို ဦးဆောင်ခဲ့တဲ့နိုင်ငံတွေဆိုတာ မင်းသိမှသိပါလေစ။
တာလီဘန်တွေဟာ မင်းတို့ကိုဘာသာရေးအရ လူမျိုးရေးအရ တိုက်ခိုက်ကြပေမဲ့ သူတို့တွေဟာမင်းတို့ရဲ့သဘာဝနဲ့တူညီတဲ့သူတွေပါ။ ဒါတောင်မင်းမခံမရပ်နိုင်ဖြစ်လို့ အသက်အသေခံပြီး ဆန့်ကျင်နေရင် ငါတို့က ငါတို့နဲ့အမျိုးနွယ်တူလည်းမဟုတ်။ ငါတို့ဖိတ်ခေါ်တာလည်းမဟုတ်ပါပဲ ငါတို့မြေပြင်၊ဝေဟင်၊ရေပြင် ပိုင်နက်တွေကိုသိမ်းပိုက်စိုးမိုးလိုတဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရမတဲ့လား။ မင်းအနေနဲ့ လက်ခံမယ်ဆိုရင် တာလီဘန်တွေဆီနောက်တခေါက်သွားပြီး ကျမတို့ ပါကစ္စတန်အတွက် ငြိမ်းချမ်းရေးပေးပါလို့တောင်းကြည့်ပါလားကွယ်...။ မင်းသိထားဖို့က တိရိစ္ဆာန်တွေတောင် သူတို့နယ်မြေပိုင်ဆိုင်မှုဆိုတာရှိပါတယ်...ကိုယ်ရရှိထားတဲ့နယ်မြေစုကနေကျူးကျော်လာရင် ကျားကျားချင်း၊ ခြင်္သေ့ခြင်္သေ့ချင်းတောင်တိုက်ခိုက်တတ်ကြပါတယ်...။ လက်ရှိ အစ္စရေး ပါလက်စတိုင်းပြသနာ။ တောင်တရုတ်ပင်လယ်ကိစ္စ၊ ဥရောပမှာဖြစ်နေတဲ့ လူဝင်မှုပြသနာ၊ ဆီးရီးယားက IS တွေပြသနာအတွက်ရော မင်းမှာအဖြေရှိပါသလား။
နောက်တစ်ခု ဒေါ်အောင်ဆန်းစုကြည် ဆီကနေအကြမ်းဖက်တာကိုရှုံ့ချဖို့ မင်းကမြင်ချင်မိတယ်ဆိုလားပြောထားလေရဲ့...ကောင်မလေးရေ...ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာပေါ်က ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆိုရှုံ့ချထားပြီးသားပါ။ ဒီတိုက်ခိုက်မှုတွေဖြစ်လာတော့လည်း တို့ခေါင်းဆောင်က အကြမ်းဖက်တိုက်ခိုက်မှုနဲ့ တိုက်ခိုက်သူတွေကိုရှုံ့ချကြောင်းကြေငြာထားပြီးသားပါ။ တစ်ခုတော့ရှိတာပေါ့လေ...မင်းတို့လိုတော့ တဖက်တည်းကွက်ပြီးသူကမရှုံ့ချတတ်ပါဘူး။ သူဟာ ဒီနေ့နိုင်ငံရေးခေါင်းဆောင်ဆိုတာထက် နိုင်ငံတော်ခေါင်းဆောင်ဆိုတာ မင်းသိရင်အရမ်းကောင်းမှာပါပဲ မိန်းကလေးရေ...။
နိုင်ငံရေးခေါင်းဆောင်ဆိုတာ ပါတီအတွက်လောက်သာ ဦးဆောင်တာဖြစ်ပြီး ပြည်သူအကြိုက် ကမ္ဘာအကြိုက်ပြောဖို့သိပ်လွယ်ပါတယ်...မင်းတောင်အခုတော်တော်လေးပြောတတ်နေတာပဲလေ...။တနေ့တနေ့ စာသင်ချိန်ထက် ကမ္ဘာ့အခမ်းအနားပွဲပေါင်းများစွာတက်နေတာကိုကြည့်ရင် မင်းနိုင်ငံရေးသမားဖြစ်နေပါပြီ။ဒါပေမဲ့ နိုင်ငံတော်ခေါင်းဆောင်ဖြစ်ဖို့တော့ကြိုးစားပါအုံး ကလေးမ။ နိုင်ငံတော်ခေါင်းဆောင်ဆိုတာကတော့ အများကြီးကျယ်ပြန့်ပြီး သူ့လက်အောက်မှာ အစိုးရအဖွဲ့၊ အစိုးရ၀န်ထမ်း၊ သူမကိုထောက်ခံသူ မထောက်ခံသူ ၊ ဘာသာရေး လူမျိုးရေးအရ ခွဲခြားမှုမရှိ အများကြိုက် ကမ္ဘာအကြိုက်ဆောင်ရွက်ရတာမျိုးမဟုတ်ပဲ နိုင်ငံတော်နဲ့ ပြည်သူရဲ့ရေရှည်အကျိုးကိုမျှော်ကိုးပြီး ပြောဆိုလုပ်ကိုင်ဆောင်ရွက်ရတာပါ။ တို့ခေါင်းဆောင်ဟာ မင်းလိုမျိုးမြင်ရတဲ့လက်နတ်ကိုင်ထားတဲ့သူတွေနဲ့ပဲထိပ်တိုက် တွေ့ခဲ့ရတာမဟုတ်ပဲ...လက်နက်မပါပဲစဉ်းလဲတဲ့သူတွေရဲ့ တိုက်ခိုက်မှုတွေကိုပါရင်ဆိုင်ဖြတ်သန်းလာခဲ့ရတာပါ...။တို့ခေါင်းဆောင် အဖမ်းခံရတဲ့ နေ့ရက်တွေတုန်းက မင်းလူ့လောက ဆိုတာဘယ်မှာရှိမှန်းတောင်မသိသေးပါဘူး မိန်းကလေး။ မင်းမှာအားပေးမဲ့ အဖေရှိခဲ့တယ်။ မင်းကိုနွေးထွေးမဲ့မိခင်ရှိခဲ့တယ်။ မင်းနဲ့အတူရပ်တည်မဲ့မောင်လေးလည်းရှိခဲ့ပါတယ်။ သူတို့တွေက မင်းကိုဘယ်တုန်းကမှမစွန့်ခွာခဲ့သလို...မင်းတို့အစိုးရကလည်း မင်းနဲ့မင်းမိသားစုကို မင်းဒုက္ခရောက်ချိန်မှာ ခွဲမထားခဲ့ပါဘူးမိန်းကလေး။ မင်းနိုဘယ်ဆုတက်ယူနေချိန်မှာ တာလီဘန်တွေနှိပ်စက်လို့ဒုက္ခရောက်နေတဲ့ ပါကစ္စတန်ပြည်သူတွေအများကြီးပါ။ တို့ခေါင်းဆောင် နိုဘယ်ဆုရချိန်မှာတော့ သူမဟာ တို့ပြည်သူတွေနဲ့အတူ ထောင်ထဲမှာရှိနေခဲ့တာပါ။ သူမနိုင်ငံကို ကယ်ဖို့ကြိုးစားနေချိန်မှာ မင်းလိုအားပေးမဲ့ မိဘတွေမရှိခဲ့ပါဘူး။ မင်းလက်ကိုဆုပ်ကိုင်ထားမဲ့ မောင်ငယ်လေးလိုလည်းမရှိခဲ့ပါဘူး။ သူမအနားမှာ ဟင်းချက်တဲ့အမျိုးသမီးတွေနဲ့ သေနတ်တွေပဲရှိခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဘယ်လို လူစားလဲမင်းသိချင်ရင် မကြာခင်မင်းတက်ရတော့မဲ့ Oxford တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်းများမှတ်တမ်းနဲ့ သမိုင်းစာအုပ်ကို လှန်ကြည့်လိုက်ပါအုံး။ မင်းအနေနဲ့ နိုဘယ်ဆုရှင်ဆိုတဲ့ ဆုနဲ့တိုက်တွန်းခွင့်ရှိပေမဲ့ တို့ခေါင်းဆောင် ဘယ်လိုလူလဲဆိုတာသိပြီးမှ ပြောရင်ပိုကောင်းတာပေါ့။
နောက်ဆုံးပြောချင်တာက မာလာလာရေ
မင်းပြောဖူးပါတယ်...ကျမတချိန်မှာ လုပ်ကြံခံခဲ့ရတဲ့ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာစီယာဘူတိုလို ပဲနိုင်ငံတော်ဝန်ကြီးချုပ်လုပ်ပြီး ပါကစ္စတန်ကိုကယ်တင်မယ်လို့ပြောဖူးပါတယ်။ နောင်အနှစ်နှစ်ဆယ် တချိန်ကမင်းဝေဖန်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ တာလီဘန်တွေကြီးစိုးတဲ့ မင်းနိုင်ငံကို မင်းဘယ်လောက်ထိကယ်တင်မလဲ တာလီဘန်တွေကိုမင်းဘယ်လောက်ရွှေပြည်အေးတရားဟောနိုင်မလဲ ကြည့်ချင်ပါတယ်။ ငါဆုတောင်းချင်တာက မင်းပါကစ္စတန်ကို အာဖဂန်ကိုကယ်တင်နိုင်ပါစေဆိုတာပါပဲ...မင်းအနေနဲ့ မစ္စဘူတိုလိုတော့ ကမ္ဘာကြီးကနေအစောကြီးမထွက်သွားဖို့ပဲဆုတောင်းပါတယ် မိန်းကလေး...နိုင်ငံရေးကနိုဘယ်ဆုမဟုတ်ပါဘူး။
Aung Myo Hein

No comments:
Post a Comment